သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန မှ စစ်ဆေးရေး အရာရှိနှင့် ဝန်ထမ်းများသည် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ၂၇.၈.၂၀၂၀ ရက်နေ့တွင် မအူပင်မြို့ပေါ်ရှိ ဈေးဆိုင်များတွင် ရောင်းချလျှက်ရှိသော သနပ်ခါးအမည်ခံ အလှကုန်များတွင် စာသုံးသူကာ ကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား နှင့် ပတ်သက်၍ ပြည့်စုံကိုက်ညီမှု ရှိ/မရှိ ကွင်း ဆင်းစိစစ်ဆောင်ရွက် ခဲ့ပါသည်။

၂၃.၈.၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ သည် မော်လမြိုင်မြို့ရှိ ဆေးဝါးလက်လီလက်ကားအရောင်းဆိုင်များ၌ လည်းကောင်း၊ ၂၄.၈.၂၀၂၀ ရက်နေ့တွင် သထုံခရိုင်မှ တာဝန်ရှိသူများသည် သထုံမြို့ရှိ ဆေးပစ္စည်း အရောင်းဆိုင်များ၌ လည်းကောင်း၊ ၂၆.၈.၂၀၂၀ ရက်နေ့တွင် ကျိုက်မရောမြို့နယ်ရှိ ဆေးပစ္စည်းအရောင်းဆိုင် များ၌လည်းကောင်း COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းနှင့်ဆေးဝါးများအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာန တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကျိုက်မရောမြို့နယ်တွင် ဈေးကွက်အတွင်းရှိ ပြည်တွင်းပြည်ပမှ တင်သွင်းလာသော သနပ်ခါးအမည်ခံ အလှကုန်များအား မြန်မာဘာသာဖြင့် ပူးတွဲဖော်ပြရာ၌ စားသုံးသူ ကာကွယ်ရေးဥပဒေပြဌာန်းချက်နှင့် ကိုက်ညီမှု ရှိ/မရှိ ၂၂.၈.၂၀၂၀ ရက်နေ့က ကျိုက်မရောမြို့မဈေးကြီးနှင့် ရပ်ကွက်အတွင်းရှိ စတိုးဆိုင်များ၊ အလှကုန်ဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
.jpg?itok=gNHcOHrP)
၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၇ ရက်နေ့ တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိဆေးဆိုင်များသို့ သွားရောက်၍ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို အများပြည်သူများထံ စျေးနှုန်းမြှင့်တင်ရောင်းချနေမှုရှ

တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် ၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၅ ရက်နေ့တွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးတို့နှင့် ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၊ Shopping Center များတွင် စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
