ပြန်/ဆက်နှင့်ပူးပေါင်း၍ ဘိုကလေးမြို့နယ်ရှိ ပြည်သူများအား စားသုံးသူရေးရာကာကွယ်ပေးရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ဖျာပုံခရိုင်ဦးစီးမှူးမှကြီးကြပ်၍  ဖျာပုံခရိုင်အတွင်းရှိ  ဘိုကလေးမြို့နယ် မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးသည့် ၁၀.၃.၂၀၂၅ ရက်နေ့တွင် နံနက်(၁၀:၀၀)နာရီအချိန်တွင်  ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ပူးပေါင်း၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးရှိ   စာဖက်ပြည်သူ (၁၃)ဦးအား စားသုံသူရေးရာကာကွယ်ရေးဆိုင်ရာ အသိ ပညာပေးဟောပြောခြင်း‌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ဟောပြောပွဲတွင် ဘိုကလေးမြို့နယ် မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးက စားသုံးသူ ရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင် ရွက်ချက်များနှင့် စားသုံးသူပြည်သူများ ရရှိနိုင်သည့်အခွင့်အရေး (၈) ချက်အားရှင်းလင်းခြင်း၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိရမည့် အချက်အလက်များကို ရှင်းလင်းပြောကြားခြင်း၊ မိမိတို့ဝယ်ယူ အသုံးပြုသောကုန်စည်နှင့် ဝန်ဆောင် မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားခွင့်ရှိကြောင်းနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာများ (CICC) ဖွင့်လှစ် ထားရှိမှုအခြေအနေများနျင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်း ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့ပြီး  စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက် ချက်များကိုသိရှိလိုပါက Website တွင် ဝင်ရောက် လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်း အသိပညာပေး ဟောပြောခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)