သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၇.၁၂.၂၀၂၄) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ မင်္ဂလာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

၁၈.၁၂.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်း များသည် ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာရှိ “ရွှေပဒေသာ” ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းနှင့် ဝန်ထမ်းများသည် (၁၃.၁၂.၂၀၂၄) ရက်နေ့ ညနေ (၄:၃၀) နာရီတွင် ဘီးလင်းမြို့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ Kaung Hlyan New Asia ကုမ္ပဏီမှ(ယာဉ်အမှတ် 4G-2351) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ(၄၄)ပေပါ ရောက်ရှိလာ ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့၊ နံနက်(၀၇း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် မြို့၊ အိုးလုပ်ပြင်စျေးအတွင်းရှိ ငါး/ပုစွန်အရောင်းဆိုင်များ၊ ကမ်းနားလမ်းရှိ ငါးဒိုင်များအား သက် ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ ကျန်း မာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင် ရွက်ခဲ့ပါသည်။

၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၁၇)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ ဆေးခမ်းရပ်ကွက်၊ ဟွေခိုက်(၄)လမ်းရှိ SKတံဆိပ် Cake&Bakeryလုပ်ငန်းအား ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
