သတင်းနှင့် လှုပ်ရှားမှုများ
၂၀-၁၂-၂၀၂၄ ရက်နေ့၊ နေ့လည် (၁၂:၀၀) နာရီအချိန်တွင် ဘားအံမြို့၊ ခရိုင်ပြန်ကြား ရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ Online ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင် ဦးဆောင်၍ စားသုံး/ထုတ်လုံဌာနခွဲမှ ဝန်ထမ်းများသည် (၂၀-၁၂-၂၀၂၄) ရက် ၊ နံနက်(၀၉:၃၀) နာရီအချိန် တွင် ဘားအံမြို့ရှိ အမှတ်(၄)ရပ်ကွက်၊ စူပါတော့(ပ်) မုန့်လုပ်ငန်းသို့ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိမရှိ၊ စက်မှုကြီးကြပ် လိုင်စင်လျှောက်ထားမှု ရှိ/မရှိ၊ စည်ပင်လိုင်စင်ရှိ/မရှိ FDA ထောက်ခံချက်ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း

စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင် ဦးဆောင်၍ စားသုံး/ထုတ်လုံဌာနခွဲမှ ဝန်ထမ်းများသည် (၁၉-၁၂-၂၀၂၄) ရက် ၊ နံနက်(၀၉:၃၀) နာရီအချိန် တွင် ဘားအံမြို့ရှိ သီရိဈေးတွင် ရောင်းချနေသော စားသောက်ကုန်များကို ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

၁၈.၁၂.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်၊ မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှု ရှိ/မရှိ အားကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

၁၈.၁၂.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မုဒုံမြို့နယ်၊ မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ဆပ်ပြာရည်၊ ဆပ်ပြာခဲနှင့် ဆပ်ပြာမှုန့်အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး
ခဲ့ကြောင်း သိရသည်။
