
မြင်းခြံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်ဖြိုးအိမွန်(ဒု-ကြီးကြပ်ရေးမှူး)သည်မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိ ပညာပေးဆွေးနွေးပွဲ(Talk Show)အား ၁၉.၃.၂၀၂၆ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲ(Talk Show)တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင် ရာ သိကောင်းစရာများအကြောင်း၊ စားသုံးသူများ ကုန်စည်နှင့် ဝန်ဆောင်မှုများ သုံစွဲရာတွင် အမှန်တ ကယ်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဦးစီးမှူးရုံး များသို့ ဆက်သွယ်တိုင်ကြားနိုင် သည့်အခြေအနေများနှင့် စားသုံးသူပြည်သူများ ဆက်သွယ်တိုင်ကြားနိုင်ရန် Call Center ဝန်ဆောင်မှု အားလည်း ဖွင့်လှစ်ထားရှိထားပြီး Consumer Call Center နံပါတ် 1535 သို့ ရုံးချိန်အတွင်း ခေါ်ဆို ၍ဆက်သွယ်မေးမြန်း တိုင်ကြားဆောင်ရွက်နိုင်ပါကြောင်း စသည်ဖြင့် အကျယ်တဝန့်ပြောဆို ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
