မြင်းခြံခရိုင်ဦးစီးမှူးရုံး၏ ၃/၂၀၂၆ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

Powered by Drupal

                   စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)ဦး ဆောင်ကျင်းပသော လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား (၁၂.၃.၂၀၂၆)ရက်နေ့ မွန်းလွဲ(၁၄:၀၀) နာရီအချိန်၌ မြင်းခြံခရိုင်ရုံးရှိ အရာထမ်း/ အမှုထမ်းများ၊ ညောင်ဦးခရိုင်ဝန်ထမ်းများနှင့် ကျောက်ပန်း တောင်းမြို့နယ်တာဝန်ခံရုံးရှိ ဝန်ထမ်းများOnlineVirtualစနစ် ဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်။  ခရိုင်ဦးစီး မှူး မှ အဖွင့်အမှာစကားပြောကြားပြီး ဌာနခွဲတာဝန်ခံများ၊ ခရိုင်တာဝန်ခံ/ မြို့နယ်တာဝန်ခံများမှ လုပ် ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းဆွေးနွေးကြရာ ယခင်လအစည်းအဝေးဆုံး ဖြတ်ချက်ဆောင်ရွက်ပြီးစီးမှုများ၊ ခရိုင်ဦးစီးမှူးမှနိဂုံးချုပ်စကားပြောကြားရာတွင် မိမိအနေဖြင့်လစဉ် တင်ပြလျက်ရှိသည့် ရှေ့ဆက်လက်‌ဆောင်ရွက်မည့်အစီအမံများအပေါ် အကောင်အထည်ဖော်ဆောင် ရွက် နိုင်ရေးဝန်ထမ်းအားလုံးမှ အလေးထားဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ၏လုံခြုံ ရေးသည် အဓိကဖြစ်ပါသဖြင့် လုံခြုံရေးကိုဦးစားပေးဆောင်ရွက်ကြရန် အထူးမှာကြားလိုပါကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင်ဖြစ်စေ၊ မိမိတို့၏မိသားစုကိုယ်ရေးကိုယ်တာကိစ္စများတွင် ဖြစ်စေထူးခြားမှု ရှိပါက ခရိုင်ဦးစီးမှူးထံ နေ့ညမရွေးသတင်းပေးပို့ရန်လိုအပ်ပါကြောင်း၊ မြင်းခြံခရိုင် ဦးစီးမှူး ရုံးအနေဖြင့် လုံခြုံရေးမကောင်းသည့်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် အကန့်အသတ်ရှိနေပါသဖြင့် လုံခြုံရေး အရ အဆင်ပြေသည့် မြို့နယ်များမှ ဌာနလုပ်ငန်းများကိုပိုမိုဆောင်ရွက်ပေးခြင်းဖြင့် မိမိတို့ခရိုင်၏ လုပ် ငန်းဆောင်ရွက်ချက်များကို တိုးတက်အောင်ညီညီညာညာ ဝိုင်းဝန်းကြိုးစားကြစေ လိုကြောင်းဆွေးနွေး ပြောကြားခဲ့ပါသည်။ လုပ်ငန်းစဉ်များအား အသေးစိတ်ဆွေးနွေးဆောင်ရွက်တင်ပြ ခဲ့ပြီးမြင်းခြံခရိုင်မှ အရာထမ်း(၃)ဦး၊ အမှုထမ်း(၈)ဦး တက်ရောက်ခဲ့ ကြောင်းသိရသည်။       

DOCA(မန္တလေး)