သတင်းနှင့် လှုပ်ရှားမှုများ
စစ်ကိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင်အောင်ကျော် (လ/ထညွှန်ကြားရေးမှူး) ဦးဆောင်၍ ခရိုင်စစ်ဆေးရေးအရာရှိ၊ ဌာနခွဲတာဝန်ခံ၊ မြောင်မြို့နယ် တာဝန်ခံ၊ မိတ်ဖက်ဌာနဆိုင်ရာများနှင့် အတူ (၁၆.၆.၂၀၂၀)ရက်နေ့၊ (ဝ၉း၃၀ )အချိန်တွင် မြောင်မြို့ နယ်၊ စည်ပင်ဈေးအပြင်ဘက်ရှိ ကုန်စုံဆိုင် (၄)ဆိုင်နှင့် တိုင်းရင်းဆေး အရောင်းဆိုင် (၁)ဆိုင် စုစုပေါင်း(၅)ဆိုင်များသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရန်၊ စားသုံးသူပြည်သူများအတွက် ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ၊ရောင်းချသော ကုန်

(၂၃.၆.၂၀၂၀)ရက်နေ့တွင် ဒိုက်ဦးမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝန်ထမ်းများမှ ဖအောင်ဝဲရပ်ကွက်ဈေးရှိ ကုန်မျိုးစုံဆိုင်များအား ကုန်စည်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိနှင့် အထည်ချုပ်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ/မရှိ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး ခရိုင်ဦးစီးမှူး ဦးတင်အောင်ကျော် (လ/ထညွှန်ကြားရေးမှူး ) ဦးဆောင်၍ မိတ်ဖက်ဌာနများနှင့် ပူးပေါင်းကာ စစ်ကိုင်းမြို့နယ်ရှိ ရေသန့်လုပ်ငန်းရှင်များအား အဖွဲ့စုံ(စုံစမ်းစစ်ဆေးရေးအဖွဲ့) ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။

စစ်ကိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင်အောင်ကျော် (လ/ထ ညွှန်ကြားရေးမှူး)၊ စစ်ဆေးအရာရှိတာဝန်ခံ၊ ဌာနခွဲတာဝန်ခံ၊ မြင်းမူ၊ မြောင်မြို့နယ် တာဝန် ခံများနှင့် မိတ်ဖက်ဌာနဆိုင်ရာများ ပူးပေါင်း၍ မြင်းမူ၊ မြောင် စည်ပင်သာယာဈေးများသို့ COVID – 19 ကာကွယ်ရေးဆိုင်ရာကျန်းမာရေး အထောက်အကူပြုပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးရှိ တာဝန်ရှိများသည် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏လမ်းညွှန်ချက်အရ (၂၇.၅.၂၀၂၀)ရက်နေ့၊ (၁၄:ဝ၀) အချိန်တွင် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ကန်တော်ကျေးရွာရှိ ဒန့်သလွန်စိုက် တောင်သူများနှင့်သွားရောက်၍ ဒန့်သလွန် စိုက်ပင် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့်တွေ့ဆုံပြီး စိုက်ပျိုးထွက်ရှိမှုအခြေအနေများ၊ ဈေးနှုန်းဈေးကွက် အခြေအနေများ၊ သုံးစွဲမှုများ အခြေအနေများနှင့် ဆက်လက်စိုက်ပျိုးမည့် အခြေအနေများအား မေးမြန်းဆ
