စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး ခရိုင်ဦးစီးမှူး ဦးတင်အောင်ကျော် (လ/ထညွှန်ကြားရေးမှူး ) ဦးဆောင်၍ မိတ်ဖက်ဌာနများနှင့် ပူးပေါင်းကာ စစ်ကိုင်းမြို့နယ်ရှိ ရေသန့်လုပ်ငန်းရှင်များအား အဖွဲ့စုံ(စုံစမ်းစစ်ဆေးရေးအဖွဲ့) ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။
အဆိုပါ ရေသန့်လုပ်ငန်းရှင်များအား ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စီးပွားရေး လုပ်ငန်းများအနေဖြင့် စီးပွားရေးလုပ်ငန်းကို စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ အရည်အသွေး၊ စံချိန်စံညွှန်းပြည့်ဝ မှန်ကန်ရမည်ဖြစ်ကြောင်း၊ ရေဘူးများကို စင်ပေါ်တွင် စနစ်တကျတင်ထားရန်နှင့် ရေဘူးများကို သေချာသန့်စင် စစ်ဆေးဆေးကြောပြီးမှ ရေများကို ထည့်သွင်းရမည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန တွင် ဖွင့်လှစ်ထားရှိသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက် ရေးစင်တာ ( CICC ) အား တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားမှုများကို လက်ခံဖြေရှင်း ဆောင်ရွက်ပေးနေကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဌာနများမှ လုပ်ငန်း လိုင်စင်များရယူထားခြင်း ရှိ/မရှိ၊ COVID – ၁၉ ကာလအတွင်း ရေသန့်စက်ရုံများ လိုက်နာ ဆောင်ရွက်ရန်ချမှတ်ထားသော ညွှန်ကြားချက်များ၊စည်းကမ်းချက်များကို စနစ်တကျ လိုက်နာ ဆောင်ရွက် ခြင်းရှိ/မရှိ၊ စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေခြင်း ရှိ၊မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန