သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
25 Apr 2022

               ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့ (၇)ရပ်ကွက်ရှိ ကျော်ဇေယျာထွန်း ဆန်စက်အား (၇.၄.၂၀၂၂) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

25 Apr 2022

        ပဲခူးတိုင်းဒေသကြီ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဧပြီလ ၄ ရက်နေ့ ၊ နေ့လည် (၂:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ (၁/၂၀၂၂) အစည်းအဝေးပြုလုပ်ခဲ့ရာ  ဉက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင် (၄) ဦးနှင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၅) ဦးတက်ရောက်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

25 Apr 2022

               ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မအူပင်မြို့ မြို့ရှောင်လမ်းနှင့် သိုက်ကုန်းလမ်းရှိ ထွန်းသူဇာ မတ်ပဲရောင်းဝယ်ရေးလုပ်ငန်းသို့ (၁၈.၄.၂၀၂၂) နေ့ နံနက်ပိုင်း(၁၁၀၀)နာရီချိန်တွင် ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။

25 Apr 2022

               ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၇.၄.၂၀၂၂) နေ့ နံနက်ပိုင်းတွင် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မအူပင်မြို့ပေါ်ရှိ စတိုးဆိုင်များနှင့် ကုန်မျိုးစုံဆိုင်များသို့ ကွင်းဆင်း၍ ကုန်အညွှန်းအမှတ်အသားပါဝင်မှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်မှု ဆောင်ရွက်ခဲ့ပါသည်။

25 Apr 2022

          ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ပျဉ်တောင်တွင်းအုပ်စု၊ ကြို့ပင်ဝိုင်းကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတတ်‌ရေး သင်တန်းအား (၂၀.၄.၂၀၂၂) ရက်နေ့ နံနက် (၉:၀၀) အချိန်တွင် စိုက်ပျိုးရေးဌာန ၊ မွေး/ကုဌာန၊ မြေစာရင်းဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ တက်ရောက်လာသူ တောင်သူ (၃၄) ဦးအား စားသုံးသူရေးရာဦးစီးဌာန ဒု-ဦးစီးမှူး ဒေါ်အေးအေးမွန်မှ စားသုံးသူကာကွယ်ရေးဉပ‌ဒေပါ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောခဲ

Pages

a