သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်စုစုထွန်းနှင့်မြို့နယ်တာဝန်ခံ ဦးမြင့်ကြည်တို့သည် မင်းဘူးမြို့အတွင်း မြေဧက(၂၀)ပေါ်တွင် ဆောက်လုပ်ထားရှိသည့် နဂါးနီပလပ်စတစ် ထုပ်ပိုးပစ္စည်းစက်ရုံသို့ (၅.၁.၂၀၂၂)နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။ စားသုံးသူများနေ့စဉ်ဝယ်ယူသုံးစွဲလျှက်ရှိသော ငရုတ်သီး အကြမ်းမှုန့်၊ အရောင်တင်မှုန့်၊ လက်ဖက်၊ ကြက်သွန်ကြော်၊ နှမ်းအစရ

မွန်ပြည်နယ် ကုန်သွယ်လယ်ယာဝန်ထမ်းဟောင်းများ /ဝန်ထမ်းများ (စားသုံးသူရေးရာဦးစီးဌာန)၏ လူမှုကူညီရေးအဖွဲ့ ဖွဲ့စည်းခြင်းအတွက် ညှိနှိုင်းအစည်းအဝေးကို ၃၀.၁၂.၂၀၂၁ ရက်နေ့ ၁၃:၀၀ နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်းဟောင်းများ/ဝန်ထမ်းများ (စားသုံးသူရေးရာ) စုစုပေါင်း (၂၇)ဦး တက်ရောက်ခဲ့ကြသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးတွင် ၅.၁.၂၀၂၂ ရက်နေ့ ၁၀:၀၀ နာရီအချိန်၌ စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်(၈)ဦးအားဖိတ်ကြား၍ ဟင်းသီးဟင်းရွက်ဆီနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)အပေါ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်လှဝင်း ဦးဆောင်၍ (၅-၁-၂၀၂၂) ရက်နေ့ နံနက်(၀၉:၃၀)နာရီ အချိန်တွင် စစ်တွေမြို့မင်းဂံရပ်ကွက်ဈေးအတွင်း စားသုံးဆီရောင်းချသူများသို့ စားသုံးသူအကာအကွယ်ပေးရေး ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး စားသုံးဆီ/ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil,Cooking Oil) များတွင် ကုန်စည်၏အမျိုးအမည်များ မြန်မာဘာသာဖြင့် တိကျစွာဖော်ပြထားမှု ရှိ/မရှိ စစ်ဆေးမှုပြုလုပ်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၁ ပုဒ်မခွဲ(ခ)အရ ဤဥပဒေ၏ အခန်း(၁၈)ပါ ကုန်အညွှန်း

မြင်းခြံခရိုင်သည်မြို့နယ်(၄)ခုဖြင့် ဖွဲ့စည်းထားရှိပြီးစိုက်ပျိုးရေးအနေဖြင့် မြေပဲကိုအဓိထား စိုက်ပျိုးကြပါသည်။ မြေပဲတွင် ပင်တောင်နှင့်ပင်ပြန့်(၂)မျိုးရှိပါရာ ပင်တောင်မြေပဲမျိုးသည် စိုက်ပျိုး ရက်ပေါင်း (၁၁၀) မှ (၁၃၀) အတွင်းခူးဆွတ် ရိတ်သိမ်းရပြီး ပင်ပြန့်မျိုးသည် ရက်ပေါင်း (၁၃၀) မှ (၁၅၀) အတွင်း ခူးဆွတ်ရိတ်သိမ်းလေ့ရှိပါသည်။
