သတင်းနှင့် လှုပ်ရှားမှုများ
ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း) မှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၉ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် အောင်ပန်းမြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်း ရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်းရှိသင်တန်းသား (၄၅) ဦးတို့အားစားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသတွင် ယခုတစ်ပတ်ပြောင်းသီးနှံမှာ တစ်ပိဿာ လျှင် အမြင့်ဈေး (၁၅၀၀)ကျပ်ဖြင့် ဈေးရှိနေပြီး ပြောင်းသီးနှံများ ဈေးကွက်အဝင်များလာသဖြင့် ဈေးအနည်းငယ်ကျဆင်းသွားကာ စီးဆင်းမှုမှာ ကောင်းနေပါသည်။ကြက်သွန်ဖြူသီးနှံမှာ တစ် ပိဿာလျှင် ထူး ၁-၁၁၅၀၀ကျပ်၊ ထူး ၂-၁၂၅၀၀ကျပ်၊ ထူး ၃-၁၃၅၀၀ကျပ်၊ ထူး ၄-၁၄၅၀၀ကျပ်၊ ထူး ၅-၁၅၅၀၀ကျပ်၊ ထူးလွန်-၁၆၀၀၀ကျပ် နှင့် ဥတစ်လုံးဆိုဒ်မှာ ၂၀၀၀၀ကျပ်ဈေးပေါက်နေကြပြီး နောင်တရား နှင့် တီကျစ် ဒေသတို့မှ ဈေးကွက်အဝင်ရှိသဖြင့် အမြင့်ဈေးဖြင့်သာ ဈေ
ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် (၅.၁၂.၂၀၂၄)ရက်နေ့တွင် နမ့်စန်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၌ ဆပ်ပြာရည်အမျိုးမျိုး တို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် (10.၁၂.၂၀၂၄)ရက်နေ့တွင် လွိုင်လင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၌ ဆပ်ပြာရည်အမျိုးမျိုး တို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
