သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့၊ နံနက်(၀၉ꓽ၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်း များသည် ကျိုင်းတုံမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(အ.လ.က-၄)အတွင်းရှိ မုန့်အရောင်းဆိုင် များသို့သွားရောက်၍ ၎င်းတို့ရောင်းချနေသော စားသောက်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူက ပန်းတနော် မြို့နယ်အတွင်း စပါး/ဆန် သိုလှောင်ရုံ မှတ်ပုံတင်နိုင်ရေး မှတ်ပုံတင်ရရှိပြီး ပြုပြင်ပြောင်းလဲမှု ရှိ၍ ပြင်ဆင်လိုပါက www.myro.com တွင် သတ်မှတ်ချက်နှင့်အညီ လျောက်ထားနိုင်ရေးကို ပန်းတနော်မြို့နယ်တာဝန်ခံရုံးခန်းမတွင် လုပ်ငန်းရှင်များအား (၁၆.၁၂.၂၀၂၄) ရက်နေ့ (၁၀၀၀)အချိန်က ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့၊ ဝမ်ကမ်ကျေးရွာအတွင်းရှိ “စိန်လင်းလက်” အမှတ်တံဆိပ် သောက်ရေသန့် ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိရေးတို့နှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး သောက်ရေသန့်ထုတ်လုပ်သည့် စီးပွားရေး လုပ်ငန်းရှင်နှင့်လည်း တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်း ဆောင

ဂေါ်ဖီထုပ်သည် မြန်မာနိုင်ငံတွင် ဒုတိယ အများဆုံးစိုက်ပျိုးသော ဟင်းသီးဟင်းရွက် အမျိုးအစားဖြစ် ပါသည်။ ဂေါ်ဖီထုပ်ကို တစ်နှစ်ပတ်လုံး ဈေးကွက်တွင် တွေ့မြင်ရပြီး အစိမ်းလိုက်တို့မြုပ်စားသုံးခြင်း၊ အသုပ် သုပ်စားခြင်း၊ ကြော်ချက်၍စားခြင်း၊ ဟင်းရည်သောက်အဖြစ်ချက်စားခြင်းနှင့် ကြော်လှော်ချက်စားခြင်း စသည့်နည်းလမ်းများဖြင့် စားသုံးလျက်ရှိကြောင်းသိရှိရပါသည်။
ဆလပ်ရွက်ကို လူကြီး၊ လူငယ်၊ လူမျိုးမရွေး စားသုံးကြပြီး လူကြိုက်များသည့် အရွက်ဖြစ်ပါ သည်။ ဆလပ်ရွက်ကို မြေအမျိုးမျိုးတွင်စိုက်ပျိုးနိုင်ကြောင်းသိရှိရပြီး အရွက်အရောင်များမှာ အစိမ်း ရောင်နှင့်အနီရောင်ဟူ၍ နှစ်မျိုးရှိကြောင်းသိရပါသည်။ ဆလပ်ရွက်ကို တိုက်ရိုက်စိုက်ပျိုးခြင်းနှင့် ပျိုးထောင်စိုက်ပျိုးခြင်းဖြင့် နှစ်မျိုးစိုက်ပျိုးနိုင်ကြောင်းသိရှိရပါသည်။ ဩဂုတ်လနှင့်စက်တင်ဘာလ များတွင် တိုက်ရိုက်စိုက်ပျိုးနိုင်ပြီး အောက်တိုဘာလနှင့်နိုဝင်ဘာလများတွင် ပျိုးထောင်စိုက်ပျိုးနိုင်ကြောင်း သိ