သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
02 Feb 2021

      ၁၇.၁.၂၀၂၁ ရက်နေ့တွင် မော်လမြိုင်ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်ဆွေးနွေးပွဲကို National Enlightement Institute Office (NEI) တွင်ကျင်းပပြုလုပ်ရာ မော်လမြိုင်ကုန်စည်ဒိုင်ဥက္ကဌနှင့် အလုပ်အမှုဆောင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ NEIမှ အုပ်ချုပ်မှု    ဒါရိုက်တာနှင့်ဝန်ထမ်းများ စုစုပေါင်း(၂၉)ဦး တက်ရောက်ပါသည်။

02 Feb 2021

      ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနရှိ ပြည်နယ်ဦးစီးမှူးရုံးနှင့် မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝိုင်းမော်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရွှေပင်လယ်စတိုး၌ ၁၈-၁-၂၀၂၁ ရက်နေ့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

02 Feb 2021

          ၁၅.၁.၂၀၂၁ ရက်နေ့တွင် ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီးဌာန CICC ရုံးခန်း၌ ပေါက်ကုန်းရပ်ကွက်မှ စားသုံးသူပြည်သူများကို စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။ ၎င်းဟော‌ပြောပွဲတွင် ဒု-ဦးစီးမှူး ဒေါ်နှောင်းနှောင်းဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ၊ ကုန်အညွှန်းအမှတ်အသ

26 Jan 2021

          မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများအား အဓိကထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးကဏ္ဍမှ ထွက်ရှိသည့် သီးနှံများ၊ ထုတ်ကုန်အများအပြားကို ပြည်တွင်းစားသုံးမှုအပြင် ပိုလျှံမှုများကို ပြည်ပသို့ နှစ်စဉ်တင်ပို့လျက်ရှိပါသည်။ ထိုသို့ တင်ပို့ရာတွင် အများဆုံးမှာ ကုန်ကြမ်းများအတိုင်း တင်ပို့ခြင်းဖြစ်သော်လည်း ပြုပြင်ပြီး တင်ပို့သည်များလည်း ရှိသည်ကို တွေ့ရှိရပါသည်။ မြန်မာ့ထွက်ကုန်များ ပြည်ပဈေးကွက် ခိုင်မာစွာရ

26 Jan 2021

           တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ယခင်က ပြောင်းစိုက်ဧရိယာ လျော့နည်းခဲ့သဖြင့် ယခုနှစ်တွင် ပြောင်းစိုက်ပျိုးသည့် အဓိကနယ်မြေများ၌ စိုက်ဧရိယာတိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။

Pages