၁၇.၁.၂၀၂၁ ရက်နေ့တွင် မော်လမြိုင်ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်ဆွေးနွေးပွဲကို National Enlightement Institute Office (NEI) တွင်ကျင်းပပြုလုပ်ရာ မော်လမြိုင်ကုန်စည်ဒိုင်ဥက္ကဌနှင့် အလုပ်အမှုဆောင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ NEIမှ အုပ်ချုပ်မှု ဒါရိုက်တာနှင့်ဝန်ထမ်းများ စုစုပေါင်း(၂၉)ဦး တက်ရောက်ပါသည်။
အစည်းအဝေးတွင် ဝဥကဏ္ဍ၊ ရာဘာကဏ္ဍ၊ သားငါးကဏ္ဍတို့ကို ဦးစားပေးဆွေးနွေးခဲ့ကြပြီး ဆက်လက်၍ ကုန်စည်ဒိုင် တံဆိပ်ဝိုင်းပြုလုပ်ရေးကိစ္စ၊ ကုန်စည်ဒိုင်ငါးဈေးနှုန်းများ ဖော်ပြရာတွင် အဓိကကျသော ငါးအမျိုးအမည်များ၏ ဈေးနှုန်းများကို ဦးစားပေးဖော်ပြရန်နှင့် Warehouse၊ Cold store များ မွန်ပြည်နယ်အတွင်း ပုဂ္ဂလိကပိုင်လုပ်ငန်းများမှ မိမိတို့အစီအစဉ်ဖြင့် တည်ဆောက်နေမှုများနှင့်ပတ်သက်၍ Cold Store အရေအတွက်၊ သိုလှောင်သော ပမာဏ၊ သိုလှောင်သောအမျိုးအမည်တို့ကို သိရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ NEI၊ စက်မှုကြီးကြပ်ရေးဦးစီးဌာနတို့မှပူးပေါင်းပြီး အစည်းအဝေးကျင်းပပြုလုပ်ကာ တွေ့ဆုံဆွေးနွေးကြရန် အတည်ပြုခဲ့ကြပါသည်။ ကုန်စည်ပို့ဆောင်ရေး ကားဂိတ်များ၏ အမည်စာရင်းများအား ကုန်စည်ဒိုင် Pageတွင် တင်ပြနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဈေးနှုန်းများနှင့်ပတ်သက်သော အကြောင်းအရာများကို သက်ဆိုင်ရာကဏ္ဍအသီးသီးရှိ ကုန်သည်လုပ်ငန်းရှင်များနှင့်လည်း Meeting ပြုလုပ်သင့်ကြောင်း၊ သက်ဆိုင်ရာလုပ်ငန်းတူ အသင်းအဖွဲ့တစ်ခုခြင်းစီအလိုက်တစ်လလျှင်(၂)ကြိမ် Meeting ပြုလုပ်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(မွန်ပြည်နယ်)