သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၈ .၂ .၂ဝ၂ဝ ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ဆီဆိုင်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားကို ပုသိမ်ခရိုင်၊ ဝါးဒူးကျေးရွာအုပ်စု၊ ဝါးဒူးကျေးရွာတွင် ကျင်းပပြုလုပ်ရာ ၂၀၂၀ ပြည့်နှစ် မတ်လ(၁) ရက်နေ့ (၀၈:၃၀) အချိန်၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ဝန်ကြီးများမှ တောင်သူလယ်သမားနေ့ ပြခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်၍ လှည့်လည်ကြည့်ရှု အားပေးကြပါသည်။

အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ (ASEAN Committee on Consumer Protection-ACCP) သည် အာဆီယံဒေသတွင်းရှိ စားသုံးသူများ Online Shopping မှတစ်ဆင့် ကုန်စည်/ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် ထိခိုက်နစ်နာမှုများနည်းပါးစေရေးအတွက် စားသုံးသူပြည်သူများနှင့် လုပ်ငန်းရှင်များ သိရှိလိုက်နာသင့်သည့်အချက်များအား ပြုစု၍ အဖွဲ့ဝင် နိုင်ငံ များသို့ဖြန့်ဝေထားပါသည်။

၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၁ ရက်နေ့တွင် “ကုန်စည်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ခေါင်းစဉ်ဖြင့် Media Campaign မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကို နေပြည်တော် ရုံးအမှတ်(၅၂)၊ စားသုံးသူရေးရာဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း၊ စားသုံးသူရေးရ
စစ်ကိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာ မြမြင့်မိုရ် မင်္ဂလာခန်းမ၌ ၂၀၂၀ ပြည့်နှစ် မတ်လ (၅) ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာန၊ ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာန မှ ဦးစီးကျင်းပသော ဝါသီးနှံစိုက်ပျိုးရေးမှသည် ရက်ကန်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆီသို့ အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းက အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ
