သတင်းနှင့် လှုပ်ရှားမှုများ
၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၁၀၈.၅၀၀သန်းဖြင့်ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်ရုံး (၅၀’ x ၃၅ x ၂၄’) RC (၂)ထပ် (ရေ၊ မီး၊ မိလ္လာ)ဆောက်လုပ်ခြင်းလုပ်ငန်းကို တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ရာ Asia C.M.I Co.,Ltd မှ ၁၀၇.၄၁၅ သန်းဖြင့် တင်ဒါ အောင်မြင်ခဲ့ပြီး ၂၃.၁.၂၀၂၀ ရက်နေ့တွင် လုပ်ငန်းစတင် ဆောင်ရွက်၍ ၃.၃.၂၀၂၀ ရက်နေ့အထိ လုပ်ငန်း၏ ၁၇ % ဆောင်ရွက်ပြီး ဖြစ်ပါသည်။
ကချင်ပြည်နယ်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၉၅.၀၀၀ သန်းဖြင့် မကွေးတိုင်း ဒေသကြီး၊ ဂန့်ဂေါခရိုင်ရုံး (၅၀’ x ၃၅ x ၂၄’) RC (၂)ထပ် (ရေ၊ မီး၊ မိလ္လာ)ဆောက်လုပ်ခြင်း လုပ်ငန်းကို တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ရာ ယောညီကိုကုမ္ပဏီမှ ၉၂.၄၀၀ သန်းဖြင့် တင်ဒါ အောင်မြင် ခဲ့ပြီး ၂၀.၂.၂၀၂၀ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်၍ ၃.၃.၂၀၂၀ရက်နေ့အထိလုပ်ငန်း၏ ၁၀ % ဆောင်ရွက်ပြီး ဖြစ်ပါသည်။
မကွေးတိုင်းဒေသကြီး

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၁၄.၅၀၀ သန်းဖြင့် မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးခရိုင်ရုံးဝင်းအတွင်း ၄” စက်ရေတွင်းတူးဖော်ခြင်းနှင့် ၁၂၀၀ ဂါလံဆံ့သံရေစင် အမြင့် (၂၀’) တည်ဆောက်ခြင်း လုပ်ငန်းကို တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ရာ HUGO MYANMAR Co.,Ltd မှ ၁၃.၅၀၀ သန်းဖြင့် တင်ဒါအောင်မြင်ခဲ့ပြီး ၄” စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို ၉.၂.၂၀၂၀ ရက်နေ့တွင် လုပ်ငန်းများစတင် ဆောင်ရွက်၍ ၃.၃.၂၀၂၀ ရက်နေ့အထိ စက်ရေတွင်း ၃၈၀’ ခန့်တူးဖော်ဆောင်ရွက်ပြီး ဖြစ်ပါသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၉၂.၇၅၀ သန်းဖြင့် မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးခရိုင်ရုံး (၅၀’ x ၃၅ x ၂၄’) RC (၂)ထပ် (ရေ၊ မီး၊ မိလ္လာ)ဆောက်လုပ်ခြင်း လုပ်ငန်းကို တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ရာ Mauk Kha Co.,Ltd မှ ၈၅.၇၅၀ သန်းဖြင့် တင်ဒါ အောင်မြင်ခဲ့ပြီး ၂.၂.၂၀၂၀ ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်၍ ၃.၃.၂၀၂၀ ရက်နေ့အထိ လုပ်ငန်း၏ ၁၂ % ဆောင်ရွက်ပြီး ဖြစ်ပါသည်။
မန္တလေးတိုင်းဒေသကြီး

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၁၆.၀၀၀ သန်းဖြင့် လယ်ဝေး (ယခင်မော်တော်ယာဉ်ဝင်း) ခြံစည်းရိုး ၁၆၀၀’ ကာရံခြင်းလုပ်ငန်းကို တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ရာ အောင်ရတနာမိုးကုမ္ပဏီမှ ၁၄.၉၆၂၆ သန်းဖြင့် တင်ဒါအောင်မြင်ခဲ့ပြီး ၂၉.၁.၂၀၂၀ ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်၍ ၃.၃.၂၀၂၀ရက်နေ့အထိ လုပ်ငန်း၏ ၆၀% ဆောင်ရွက်ပြီး ဖြစ်ပါသည်။
ရုံးချုပ်၊ စီမံရေးရာဌာနခွဲ
စားသုံးသူရေးရာဦးစီးဌာန
