သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ဓနုဖြူမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင် ကြီးကြပ်မှုဖြင့် ဓနုဖြူမြို့နယ်တွင်း ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြုနိုင်ရန်အတွက် ရည်ရွယ်၍ ကြက်ဥ၊ ဘဲဥနှင့် သားငါးများကို နေ့စဉ် ရောင်းချပေးလျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင် ကြီးကြပ်မှုဖြင့် ညောင်တုန်းမြို့နယ်တွင်း ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြု နိုင်ရန်အတွက် ကြက်ဥ၊ ဘဲဥများကို နေ့စဉ် ရောင်းချပေးလျက်ရှိပြီး ကြက်ဥ၊ ဘဲဥ များကို တိုင်းဒေသကြီး အခြားသော မြို့နယ်များသို့ ဖြန့်ဖြူးတင်ပို့ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၃.၁၂.၂၀၂၄)နေ့ နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၆၆၀ ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် ၄.၁၂.၂၀၂၄ ရက်နေ့၊ နံနက် (၇:၀၀) နာရီအချိန်မှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဟင်္သာတမြို့နယ်၊ လက်သမားရပ်ကွက်ရှိ အခွန်လွတ်ဈေးရှေ့တွင် ပြည်သူများအား ကြက်ဥ၊ အသား၊ငါးနှင့်စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၄.၁၂.၂၀၂၄)ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် ခမောက်စုကျေးရွာ၊ ဈေးဟောင်းပိုင်းရပ်ကွက်ရှိ “လင်းလက်” မုန့်ဟင်းခါး/ခေါက်ဆွဲလုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။