သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၃.၁၂.၂၀၂၄) ရက်နေ့ နံနက်(၀၉:၀၀) အချိန်တွင် ကြံခင်းမြို့နယ် စိုက်တိုးမြှင့်အဖွဲ့ ဥက္ကဌ၊ မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ ကြံခင်းမြို့နယ်၊ ရွှေတောင်စုရပ်ကွက်၌ ကျင်းပပြုလုပ်သော ဆီထွက်သီးနှံ ဆောင်းနေကြာ စံကွက်တွင် မျိုးစေ့ချ စိုက်ပျိုးမှု အခြေအနေအား ကွင်းဆင်းခြင်း ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂.၁၂.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်ရှိ ဆေးမျိုးစုံ အရောင်းဆိုင်များတွင် အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံသည်(၂.၁၂.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မြို့နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အဒါးလမ်း၊ လမ်းမတော်(မ)ရပ်ကွက်နှင့် ဗျည်းညားရပ်ကွက်ရှိ ဆန်စက်များနှင့် ဆန်သိုလှောင်ရုံများအား တရားမဝင် သိုလှောင်ထားခြင်းရှိ/မရှိနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့ အမှတ်(၄) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၄) ရက်နေ့၊ နံနက် (၇:၀၀)နာရီအချိန်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် အများပြည်သူများ သက်သာစွာ ဝယ်ယူနိုင်ရေးအတွက် အခြေခံစားကုန်ဖြစ်သော ကြက်ဥ၊ ဘဲဥ ၊ ကြက်သားများ ရောင်းချပေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၊ ဖျာပုံမြို့၊ အပြောင်ဈေးတွင် ကြက်သား၊ငါး၊ ကြက်ဥ၊ဘဲဥ များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။