ရှမ်းပြည်နယ်ဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးဉပဒေအကြောင်း သိကောင်းစရာနှင့်စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း ဟောပြောခြင်းအခမ်းအနားကျင်းပ

Powered by Drupal

            ၂၀၂၆ခုနှစ်၊ မတ်လ ၆ ရက်နေ့ မွန်းလွဲ (၁၄:၀၀) နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော ဉပဒေအခန်းဆွေးနွေးပွဲနှင့် Thursday Talk အသိပညာပေးဟောပြောပွဲအား ပြည်နယ်ဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ Onperson ‌အနေဖြင့်ဒုတိယပြည်နယ်ဦးစီးမှူးရုံးများ၊ ခရိုင်ဦးစီးမှူးရုံးများ တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါဟောပြောပွဲတွင် ဦးဇော်ဇော်လတ် (ဒုတိယဦးစီးမှူး)က စားသုံးသူကာကွယ်ရေး ဉပဒေတွင်ပါဝင်သည့် အခန်း(၉) ‘စားသုံးသူအခွင့်အရေးနှင့်တာဝန်များ’ ဖြစ်သော ဉပဒေပုဒ်မ ၁၉ နှင့် ဉပဒေပုဒ်မ ၂၀တွင် ပြဋ္ဌာန်းထားသည့် စားသုံးသူအခွင့်အရေး  (၈)ချက်နှင့် စားသုံးသူ၏ တာဝန် များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ပင်းတယဒေသဦးစီးမှူးရုံးမှ ဒေါ်မေဆုကျော် (အကြီးတန်းစာရေး) သည် ‘စားသုံးသူကာကွယ်ရေးဉပဒေအကြောင်းသိကောင်းစရာ’ ခေါင်းစဉ်ဖြင့် စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်း ကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော် လည်းကောင်း၊ အခြားသူအတွက်သော် လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကိုဆိုလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ပြီး နောက် ကုန်စည်ဆိုသည်မှာ စားသုံးသူကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူများ အတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း သို့မဟုတ် စားသုံးခြင်းပြုသော အရာဝတ္ထုကိုဆိုကြောင်း၊ ငွေရေးကြေးရေးဆိုင်ရာ လွှဲပြောင်းနိုင်သော စာချုပ်စာတမ်း၊ အစုရှယ်ယာ၊ ငွေချေးလက်မှတ်၊ ငွေကြေးစသည့် ကိစ္စရပ်များလည်းပါဝင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဝန်ဆောင်မှုဆိုသည်မှာ လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအသွင်ဖြင့် စားသုံးသူ၏ လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါဘဲဖြစ်စေ ဖြည့်ဆည်းပေးသည့် ဆောင်ရွက်မှုကိုဆိုလိုသည့် အဓိပ္ပာယ် ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။စားသုံးသူအခွင့်အရေး(၈)ချက်ကိုလည်း အသေးစိတ်ရှင်းလင်း ပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဉပဒေသည် စားသုံးသူများ၏အခွင့်အရေးကို ကာကွယ်ရန် နှင့် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန် အစိုးရမှ ပြဋ္ဌာန်းထားသော ဉပဒေပင်ဖြစ်ကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက မိမိတို့ဌာနသို့ လူကိုယ်တိုင်လာ ရောက်၍ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Website လိပ်စာမှာ www.doca.gov.mm တွင်ဖြစ်စေ၊ consumer call center 1535 သို့ဖြစ်စေ တိုင်ကြားနိုင်ကြောင်းရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)