
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဦးမိုးညွန်ဦး(ပြည်နယ်ဦးစီးမှူး) ဦးဆောင်သော ဝန်ထမ်း ( ၆ )ဦးသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ( ၂၅ )ရက်နေ့( ၁၀:၀၀ ) နာရီအချိန်တွင် ထေးငှားလျားရပ်ကွက်ရှိ လွိုင်ကော်တက္ကသိုလ်၌ စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနဦးမိုးညွန့်ဦး(ပြည်နယ် ဦးစီးမှူး) ကစားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အ ရေး(၈)ချက်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ရာ ကျောင်းသား/ကျောင်းသူများ အနေဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး( ၈ )ချက်ကို အပြည့်အဝနားလည်ပြီး တောင်းဆိုရယူ တတ်စေရန် စားသုံးသူအခွင့်အရေးများနှင့် တာဝန်များ၊ စားသုံးသူများလိုက်နာဆောင်ရွက်ရမည့် တာဝန်( ၄ )ချက်၊ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များ၊ နေ့စဉ်ဝယ်ယူ သုံးစွဲ သည့်ကုန်ပစ္စည်းများအပေါ်ပေးထားသော အာမခံချက်များ အပြည့်အဝရရှိစေရေးကို လည်းကောင်း၊ ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုများ ဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Websiteမှ ဖြစ်စေ၊ Doca Myanmar applicationများမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ MPT၊ U9၊ Atom၊ Mytel ဆင်းကတ်များ ဖြင့်လည်း ၁၅၃၅ နံပါတ်များသို့ ခေါ်ဆို၍ ကုန်စည်(သို့)ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ သိရှိလိုသည်များမေးမြန်းခြင်း၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားခြင်းများပြုလုပ်နိုင် ခြင်းတို့အား ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း( ၁၅၀ )ဦးတို့အား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)
