သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
03 Dec 2024

           ဧရာဝတီတိုင်းဒေသကြီး  မအူပင်ခရိုင်၊ ပန်းတနော်မြို့မစည်ပင်သာယာစျေးကြီးအတွင်း/အပြင်၌ ရောင်းချလျက်ရှိသည့်စျေးဆိုင်များအား တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ  စျေးကွက်အတွင်း စားသုံးရန်မသင့်သည့် ကုန်ပစ္စည်းများကိုရောင်းချခြင်းရှိ/ မရှိစစ်ဆေးခြင်းကို  ရွေ့လျားဓာတ်ခွဲယာဥ်ဖြင် ၂၂.၁၁.၂၀၂၄ ရက်နေ့ နံနက် (၀၉း၀၀)နာရီအချိန်က အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန  စားသုံးသူရေးရာဦးစီးဌာန.

03 Dec 2024

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍  ညောင်တုန်းမြို့နယ်တွင်း စားသုံးသူများအသုံးပြုသောရေသန့်များ ဘေးအန္တရာယ်ကင်းရှင်းစွာ သောက်ဆုံးနိုင်ရန်အတွက်၊ ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက်   (၂၂.၁၁.၂၀၂၄) ရက်နေ့တွင် ရေသန့်စက်ရုံ (၇)ရုံအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

03 Dec 2024

           စားသုံးသူရေးရာဦးစီးဌာနမှ အ.မ.က မူလွန်ကျောင်းသားကျောင်းသူများအား စားသုံးသူအခွင့်အရေး သိရှိနာလည်းရန်၊ စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ အရေးဆိုတင်ပြနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း (၂၁.၁၁.၂၀၂၄)ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်က ပန်းတနော်မြို့၊ ဘုရာပြိုကျေးရွာ(အ.မ.က)ရှိ အခြေခံပညာမူလွန်ကျောင်းမှ ကျောင်းသားကျောင်းသူ(၇၀)ဦးနှင့် ဆရာ/ဆရာမ ၈ဦးအား အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

03 Dec 2024

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်နှင့် ပန်းတနော်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြန်ကြား ရေးနှင့် ပြည်သူ့ ဆက်ဆံရေး Communit Center ခန်းမ၌ စားသုံးသူကာကွယ်ရေးဥပဒေပါ တိုင်ကြားခြင်း အကြောင်း Talk Showကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၂၂ ရက်န

02 Dec 2024

        စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊  ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ‌၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် တာဝန်ကျဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၂၂-၁၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကြို့ပင်ကောက်မြို့အတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

Pages