သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ သာယာဝတီမြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူတို့သည် (၂၂-၁၁-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် သာယာဝတီမြို့အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ နတ်တလင်းခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၂-၁၁-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် နတ်တလင်းမြို့နယ် အတွင်းရှိ လက်လီ/လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ် စားအုန်းဆီထုတ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ စားသုံးသူ ပြည်သူများဆီဝယ်ယူရာတွင် လုပ်ငန်းအဆင်ပြေချောမွေစေရေး မအူပင်မြို့နယ်အနေဖြင့် ဆီရောင်းချမှုလုပ်ငန်းတည်ငြိမ်အောင် ပူးပေါင်းဆောင်ရွက်နိုင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုကို မအူပင်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများကိုပါဖိတ်ကြား၍ တွေ့ဆုံဆွေ

စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၂၂ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ညောင်လေးပင်မြို့အတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

ပြည်ခရိုင်အတွင်းရှိ ဆန်ဆိုင်၊ ဆန်ပွဲရုံများနှင့် နဝဒေးပွဲရုံတန်းများတွင် ဆန်ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိ/မရှိတို့ကို (၂၂-၁၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဈေးကွက်အတွင်း လက်လီ/ လက်ကားရောင်းချလျက်ရှိသော ဆိုင်၊ ပွဲရုံများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးထက် (၁၀၀၀-၁၅၀၀)ကျပ်နှုန်းသာ အနည်းအများကွာခြားမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
