သတင်းနှင့် လှုပ်ရှားမှုများ
မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်တင်စိုး၊ ခရိုင်ဦးစီးမှူးပါ (၄)ဦးတို့သည် ၅-၁၁-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၃:၅၀)နာရီအချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ BEST တံဆိပ် စည်သွပ်ဘူးလုပ်ငန်းသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်တင်စိုး၊ ခရိုင်ဦးစီးမှူးပါ (၄)ဦးတို့သည် ၅-၁၁-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၂:၅၀)နာရီအချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ မင်းသားကြီးအမှတ်တံဆိပ် စားသောက်ကုန်လုပ်ငန်းသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၇-၁၁-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၆-၁၁-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ မကွေးလမ်းမပေါ်ရှိ ဆန်ဆိုင်များအား ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

၇.၁၁.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ချောင်းဆုံမြို့နယ်၊ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သော မွန်ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးကော်မတီမှ ကြီးမှူးကျင်းပသည့် ကောင်းမွန်သောဆေးဝါးသိုလှောင်ရောင်းချမှုကျင့်စဉ် (GPP/GSP) နှင့်ပတ်သက်၍ ဆေးဆိုင်များအား အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
