သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
11 Nov 2024

              စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၅.၁၁.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်  ကြံခင်းမြို့နယ်၊ ပန်းရံစုကျေးရွာ၊ တလိုင်းကွင်းအုပ်စုနှင့် ဘုရားကြီးလမ်း၊ ရွာသစ်ရပ်ရှိ Online စနစ်ဖြင့် ရောင်းချလျက်ရှိသော အဝတ်အထည်၊ အလှကုန်နှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များသို့ အွန်လိုင်းမှတ်ပုံတင်ထားမှုရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

11 Nov 2024

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ခရမ်းမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားသောက်ကုန်ပစ္စည်းအမျိုးမျိုးနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့အား ဝယ်ယူသုံးစွဲတတ်စေရန်ရည်ရွယ်၍ နိုဝင်ဘာလ(၇)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ခရမ်းမြို့နယ်ဈေးကွက်အတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များသို့ အလှကုန်ပစ္စည်းအမျိုးမျိုး တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကို သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

11 Nov 2024

             နိုဝင်ဘာလ ၆ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် အမှတ် (၁)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်ရှိကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးအား  ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/ မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

11 Nov 2024

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌ Online စနစ်ဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာများအား ဒေသအတွင်း စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် သိရှိနားလည်လာစေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှုအရ နိုဝင်ဘာလ(၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ခရမ်းမြို့နယ်၊ စည်ပင်သာယာမြို့မဈေးတာဝန်ခံရုံးခန်းမအပေါ်ထပ်တွင် အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်းသိရသည်။

11 Nov 2024

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၈.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

Pages