သတင်းနှင့် လှုပ်ရှားမှုများ
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်ရှိ ရပ်ကွက်ဆေးဆိုင်များသို့ ညွှန်ကြားချက်နှင့်အညီ ဈေးကွက်အတွင်းရောင်းချနေသော ဆေးဝါးများလုံလောက်မှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းမှုရှိ/မရှိ နိုဝင်ဘာလ(၂၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအား အသိပညာပေးဟောပြောခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ(၁၃)ရက်နေ့တွင် AMIA News မှဖော်ပြခဲ့သည့် "အသင်းမှသတ်မှတ်ထားသောဆန်ဈေးထက် အပြင်ဈေးမြင့်တက်နေဆဲ" သတင်းနှင့်ပတ်သတ်၍ စိစစ်တင်ပြရာရုံးချုပ်၏ ညွှန်ကြားချက်အရ ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးတွင်ရောင်းချနေသောဆန်ဆိုင်များသို့ နိုဝင်ဘာလ(၂၀
ငါန်းဇွန်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေ(ဒု-ဦးစီးမှူး)သည် မြို့နယ်ပြန်ကြားရေး၊ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show) အား ၂၀.၁၁.၂၀၂၄ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးနှင့် သာစည်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ သာစည်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလလ ၅ ရက်နေ့တွင်နံနက် (၁၀:၃၀) နာရီအချိန်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးနှင့် မလှိုင်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မလှိုင်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလလ ၇ ရက်နေ့တွင် နံနက် (၁၀:၃၀) နာရီချိန်တွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။