သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
27 Nov 2024

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊  လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၈-၁၁-၂၀၂၄) ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် လပွတ္တာမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဘုရားလမ်းရှိ ကုန်မျိုးစုံဆိုင်များသို့ သွားရောက်ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

27 Nov 2024

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၁၉-၁၁-၂၀၂၄)ရက်နေ့ ညနေ(၁၅း၃၀)နာရီအချိန်တွင် အိမ်မဲမြိုု့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ တော်ဝင်ဧကရာဇ်ကုမ္မဏီမှ (ယာဉ်အမှတ် 9F-8855) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၂၇)ပေပါရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။

27 Nov 2024

       ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၁၈-၁၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့၊ ရတနာဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသောကုန်ပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်၊

27 Nov 2024

   မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ဆေးပစ္စည်း အရောင်းဆိုင်များ၊ စားသုံးကုန်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းများအား ဈေးနှုန်း မှန်ကန်မှုရှိစေရေး အသိပညာပေး စိစစ်ဆောင်ရွက်ခြင်းကို ၂၀.၁၁.၂၀၂၄ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်က မြို့ပေါ် ဈေးဆိုင်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

27 Nov 2024

      ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ FDA ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် (၁၈-၁၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပုသိမ်မြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံများသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

Pages