သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ မြို့နယ်အတွင်းရှိ ပြည်သူများတွက် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ၁၉.၁၁.၂၀၂၄ ရက်နေ့ နံနက် (၀၉:၃၀) နာရ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၁.၁၁.၂၀၂၄) ရက်နေ့၊ နံနက် (၀၉း၀၀)နာရီ အချိန်တွင် ထားဝယ်မြို့ရှိ (အ.ထ.က-၈) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းမုန့်စျေးတန်းရောင်းချသူများ တက်ရောက်ခဲ့ပါသည်။
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှစစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ကျိုင်းတုံမြို့နယ်၊ ကတ်တောင်အုပ်စု၊ ကတ်တောင်ကျေးရွာအတွင်းရှိ ဆန်စက်များအား ဆန်သိုလှောင်ထားရှိမှု၊ ဆန်ကြိတ်ခွဲမှု၊ ဆန်လက်ကျန်အခြေအနေနှင့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ၂၁.၁၁.၂၀၂၄ ခုနှစ်၊ နံနက် (၀၈း၃၀) အချိန်တွင် နိုင်ငံဝန်ထမ်းပင်စင်လစာထုတ် အငြိမ်းစားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပင်စင်စား (၇၀၀) ဦးခန့်အား တစ်ဦးလျှင် စားသုံးဆီ (၁)ပိဿာကို သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချပေးခဲ့ရာ ပင်စင်စားဝန်ထမ်းများအနေဖြင့်လည်း စားသုံးဆီများကို စျေးသက်သာစွာ လစဉ်ဝယ်ယူရရှိသဖြင့် ဝမ်
မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည် စားသုံးသူများဘေးအန္တရာယ်ကင်းစေရန်အတွက် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၁၄)ရက်နေ့၊ နံနက်(၁၁း၀၀)အချိန်တွင် မြိတ်မြို့၊ မြစ်ငယ်ရပ်၊ ဗဟိုလမ်းရှိ ရွှေပြည်အေး အအေးနှင့်မုန့်မျိုးစုံလုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံကာ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိစေရေး တွေ့ဆုံဆွေးနွေးခဲ့ပါသည်။