
မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့တော်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၉-၇-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ "စိမ်းနဂါး မုန့်လုပ်ငန်း" ၊ “Asia အချိုရည်လုပ်ငန်း”နှင့် “စိန်ခြယ် မုန့်မျိုးစုံလုပ်ငန်း” စသည့် လုပ်ငန်းများသို့ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းများအား စျေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်း(Pre Market Surveillance)အရ စားသုံးသူကာကွယ်ရေးဥပဒေအရ ထုတ်ပြန်ထားသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ ညွှန်ကြားချက် (၂/၂၀၁၉)၊ (၁/၂၀၂၁)တို့နှင့် ကိုက်ညီမှုရှိ/မရှိနှင့် သက်ဆိုင်ရာ ဌာနများ၏ ဥပဒေ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီစွာဖြန့်ဖြူးရောင်းချနေမှု ရှိ/မရှိများအားစစ်ဆေးခြင်း၊ စားသုံးသူ ပြည်သူများဘေးအန္တရာယ် ကင်းရှင်းစွာဝယ်ယူသုံးစွဲနိုင်ရေးအတွက် အမှတ်တံဆိပ် အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာန ဆိုင်ရာများ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
