သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ၁၈.၆.၂၀၂၅ ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ အ.လ.က (ဘိုးနက်) ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

၁၈.၆.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ် တာဝန်ခံသည် ချောင်းဆုံမြို့နယ်၊ အ.လ.က (ဘိုးနက်) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

(၁၉.၆.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် မြို့မဈေးအတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းဆိုင်များတွင် ယခင်အပတ်နှင့် ယခုအပတ်ဈေးနှုန်းကွာခြားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ၁၆.၆.၂၀၂၅ ရက်နေ့တွင် Fresh အမှတ်တံဆိပ်ဖြင့် အချိုရည်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ် အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ၁၆.၆.၂၀၂၅ ရက်နေ့တွင် နှင်းချယ်ရီ အမှတ်တံဆိပ်ဖြင့် ရှောက်ချိုမွှေး ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ် အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။
