သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
11 Nov 2024

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ၊ ပဲခူးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၇.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဝေါမြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

11 Nov 2024

စားသုံးသူရေးရာဦးစီးဌာန၊ မြင်းမူမြို့နယ်တာဝန်ခံ ဒေါ်သင်းယုနွယ်သည် မြင်းမူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ နိုဝင်ဘာလ ၄ရက်နေ့က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

11 Nov 2024

စားသုံးသူရေးရာဦးစီးဌာန၊ မြောင်မြို့နယ်တာဝန်ခံ ဦးအောင်လင်း(ဒု-ဦးစီးမှူး)သည် မြောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ နိုဝင်ဘာလ ၅ရက်နေ့၌ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း ၉၊ ပုဒ်မ ၁၉နှင့် ၂၀ တွင်ပြဋ္ဌာန်းထားသည့် စားသုံးသူအခွင့်အရေးများနှင့် စားသုံးသူလိုက်နာရမ့တာဝန်များအကြောင်းနှင့်စပ်လျဉ်း၍ Talk Show ပြုလုပ်ခဲ့ပါသည်။

11 Nov 2024

၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၇ရက်နေ့၊ နေ့လယ် ၁၃း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး(၄/၂၀၂၄)ကို တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး၊ ဒု-ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ အဖွဲ့ဝင်များဖြစ်သည့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ တိုင်းဒေသကြီး ပြည်သူ့ကျန်း

11 Nov 2024

၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၇ရက်နေ့၊ နေ့လယ် ၁၄း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ TRCCI အသင်းဥက္ကဋ္ဌ၊ ထားဝယ်မြို့ပေါ်ရှိ ရော်ဘာတင်ပို့ရောင်းချသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Pages