သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးသည့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို လည်းဆောင်ရွက်လျက် ရှိပါသည်။

စစ်ကိုင်တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်၊ စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ၊ စားသုံးသူတိုင်ကြားမှုဖြေရှင်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းဝေးခန်းမတွင် အသိပညာပေးဟောပြောပွဲကျင်းပခြင်း၊ ကလေးခရို

မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၃၁-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်၌ အင်းစိန်မြို့နယ်၊ အ.ထ.က (၆)ကျောင်းမုန့်ဈေးတန်းသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

အခြေခံပညာကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်လျက် စားသုံးသူရေးဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၃၁-၁၀-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အမှတ်(၁၀) အခြေခံပညာအလယ်တန်း ကျောင်း၌ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာများဟောပြောခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၃၁-၁၀-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်း ကျောင်း၌ ကျောင်းသား/ ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်လျက် အသိပညာပေးဟောပြောခဲ့ပါသည်။
