သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
29 Oct 2024

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ရပ်ကွက်ဈေး၊ ဈေးတန်းနှင့် မြို့ပေါ် ကုန်စုံဆိုင်များတွင် အဖွားလက်ရာ အမှတ်တံဆိပ်ပါ  အသားဟင်း ဆီသွပ်ဘူးများရောင်းချမှုရှိ/ မရှိကို ဌာနဆိုင်ရာအဖွဲ့စုံဖြင့် (၂၃-၁၀-၂၀၂၄) ရက်နေ့၌  ကုန်စည်တွင် ကုန်အညွှန်းဖော်ပြချက်နှင့်  ကုန်စည်ပေါ်တွင် စတစ်ကာကပ်၍ ဖော်ပြမှုတို့ ကိုက်ညီမှုရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

29 Oct 2024

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEလုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ်စီးပွားရေး လုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

29 Oct 2024

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် မအူပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး Communit Center ခန်းမ၌ စားသုံးသူကာကွယ်ရေးဥပဒေပါ တိုင်ကြားခြင်းအကြောင်း Talk Show ကို ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၂၃ရက်နေ့၊ နံနက် (၁၁း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။

29 Oct 2024

       ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မိတ်ဖက်အဖွဲ့စည်းများပူးပေါင်း၍ ဖျာပုံမြို့ (၁၄) ရပ်ကွက် ရွှေပြည်အေးဆန်စက်ရှိ စပါးခွံလောင်စာတောင့်လုပ်ငန်းသို့ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး သွားရောက်ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

29 Oct 2024

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် (၂၃-၁၀-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages