သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
10 Sep 2024

      စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၃-၉-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ဇလွန်မြို့၊ အဗျဉ်းကျေးရွာအုပ်စုရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၂၁၀ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောမှုဆောင်ရွက်ခဲ့ပါသည်။

10 Sep 2024

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် ၂၀၂၄ခုနှစ်၊  စက်တင်ဘာလ(၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်၊ ရွှေစေတီလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောမှုဆောင်ရွက်ခဲ့ပါသည်။

10 Sep 2024

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့၊  မြို့နယ်တာဝန်ခံသည် (၂-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ဗိုလ်ချုပ်လမ်း၊ညောင်ပင်ဈေးရပ်ကွက်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။

10 Sep 2024

       ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးထွန်းမင်းလတ်သည် ၂-၉-၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ အ.ထ.က သော်ကခန်းမ၌ ကျောင်းအုပ်ဆရာ/ဆရာမကြီး (၂၃၅) ဦးအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအချက်များကို အသိပညာပေးဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

10 Sep 2024

        စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၅-၉-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြို့ပေါ် ရပ်ကွက်ရှိဆန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

Pages