
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့တွင် မြို့မဈေးပြင်ပနေရာများတွင် ဈေးများတည်ခင်း ရောင်းချနေမှုအား စည်းကမ်းနှင့်အညီ ဖြစ်စေရေး၊ ဒီဇင်ဘာလ ကုန်ဈေးနှုန်း ဈေးကွက်အခြေအနေများ ကွင်းဆင်းကောက်ယူခြင်း၊ တို့ကို ၇-၁၂-၂၀၂၅ က်နေ့ နံနက် ၇ နာရီက မြို့နယ်စားသုံးသူရေးရာဦးစီးဌာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီဌာ တို့နှင့်အတူ ကွင်းဆင်းခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီဌာမှ မြို့မဈေးအတွင်းအပြင် ရောင်းချနေသာ ကုန်သည်၊ သားငါး၊ ဟင်းသီးဟင်းရွက် ဈေးနှုန်းအခြေအနေများကို စိစစ်ခြင်း၊ စားသုံးသူ ကာကွယ်ရေး ဥပဒေရ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသည့် ကုန်ပစ္စည်းများ သတ်မှတ်ထားသည့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထာခြင်း ရှိ၊ မရှိကို သတ်မှတ်ထားသည့် ကုန်အညွှန်း အမှတ်အသားများ ဖော်ပြထားသော ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ၊ မရှိကို ဈေးကွက်စောင့်ကြည့်ခြင်း၊ မြို့မဈေး ပြင်ပနေရာများတွင် စည်းကမ်းနှင့်အညီ ဈေးရောင်းချနိုင်ရန်၊ ဒေသတွင်းကုန်ဈေးနှုန်း တည်ငြိမ်မှုရှိစေရန် ရောင်းချနေသည့် ဈေးနှူန်းများ မှန်ကန်မှုရှိစေရန် လစဉ် ဈေးနှူန်းသုံးသပ်ချက်အနေဖြင့် စိစစ်ဆောင်ရွက်လျက်ရှိပြီး ဈေးနှုန်း အတက်အကျများကို သုံးသပ်နိုင်ရန် မြေပြင်အခြေအနေမှန်ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်၊ အစိုးရဌာန၊ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်မှ ဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ဈေးနှုန်းအခြေအနေများကို စာရင်းကောက်ယူ၍ ခရိုင်ဦးစီးမှုးရုံးသို့ တင်ပြဆောင်ရွက်နိုင်ရန် အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း ရောင်းချသူလုပ်ငန်းရင်များ အားပြောကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
