သတင်းနှင့် လှုပ်ရှားမှုများ
၂၉-၈-၂၀၂၄ ရက်နေ့၊ နေ့လယ် ၁၃း၃၀ နာရီအချိန်တွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ eComReg System (https://www.ecomreg.gov.mm)တွင် မှတ်ပုံတင်နိုင်ကြောင်းကို အွန်လိုင်းစနစ်ဖြင့်ရောင်းချသူများ(Online Sales) မှတ်ပုံတင်နိုင်ရေး အသိပညာပေးခြင်းကို ခရိုင်အစားအသောက်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ မအူပင်မြို့မှ အွန်လိုင်းဖြင့်ရောင်းချသူလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စိုက်တိုးမြှင့်အဖွဲ့တို့နှင့်အတူ (၂၈-၈-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ ရေကြီးနစ်မြုပ်ခြင်းခံရသောလယ်ဧကများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းကြည့်ရှုဆွေးနွေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးဆောင်၍ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်မြို့နယ်မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ကျိုက်လတ်မြို့ ဆန်ဆိုင်များတွင် ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်း ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၂၉)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်ရှိ စတိုးဆိုင်ကြီးများ၊ Mini Mart ပိုင်ရှင်များအား (Online Shop) မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူးသည် (၂၂-၈-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြံခင်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချသော အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။