သတင်းနှင့် လှုပ်ရှားမှုများ
ပြည်သူများ၏ စားဝတ်နေရေးအဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် အခြေခံစားသောက် ကုန်ဈေးနှုန်းများအပါအဝင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မှန်ကန်စေရေးတို့အတွက် တိုင်းဒေသကြီး/ ပြည်နယ်များအပါအဝင် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ကွင်းဆင်းစစ်ဆေး ဆောင်ရွက် လျက်ရှိပါသည်။

မအူပင်ခရိုင် နယ်စပ်ရေးရာဝန်ကြီးဌာန။ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် (၁၇.၃.၂၀၂၅) ရက်နေ့ နံနက် (၁၀၀၀) နာရီအချိန်တွင် ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့အစည်း ဥက္ကဌ နှင့် ပြိုင်ပွဲအမှတ်ပေး ဒိုင်လှူကြီးများ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်ဆရာ/ဆရာမများ၊ အထက်တန်းကျောင်းအုပ်ဆရာမကြီးများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

၁၇-၃-၂၀၂၅နေ့ တွင် မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိင်ရေးလုပ်ငန်းညှိနိင်း အစည်းအဝေးကို တက်ရောက် ခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ ဌာနဆိုင်ရာများတက်ရောက်ကြပြီး အခြားဖိတ်ကြားထားသော မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗိုလ်တထောင်ခရိုင် ပုဇွန်တောင်မြို့နယ် တာဝန်ခံ ဦးရန်နိုင်ထွန်းနှင့်ဝန်ထမ်းများသည် (၁၉.၃.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စားသုံးသူပြည် သူများအား ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့် အပြင်ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံ စွာထည့် သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက် လျက်ရှိရာ (၁၉.၃.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာ
