သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Jul 2025
(၁၀.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးနှင့် အ.လ.က(လေထီး)ကျောင်းမှ ကျောင်းကျန်းမာရေးတို့ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော မုန့်များအား ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
23 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၁၀.၇.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ အ.လ.က (လေထီး)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
23 Jul 2025
(၁၀.၇.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးခန်းမတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့သည် စိုက်ပျိုးကြီးကြပ်အဖွဲ့ ဖွဲ့စည်းတာဝန်ပေး အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။
23 Jul 2025
တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ (၉.၇.၂၀၂၅)ရက်နေ့ ဝါဆိုလပြည့်နေ့ နံနက်(၀၅:၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့၊ အိုးတန်းရပ်ကွက်၊ မြို့နယ်သာသနာ့ဗိမ္မာန်တော်၌ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
23 Jul 2025
(၁၀.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦး၊ ဒုကြီးကြပ်ရေးမှူးသည် မြို့မဈေးအတွင်းရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင် ရွက်ခဲ့ပါသည်။

Pages