သတင်းနှင့် လှုပ်ရှားမှုများ
Powered by Drupal
23 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးစံကြည်သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင်စိုက်တိုးမြှင့်အဖွဲ့တို့နှင့်အတူ (၇.၇.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)နာရီတွင် မြောင်းမြ မြို့နယ်ရှိ ကြာဖူးငုံကျေးရွာတွင် မိုးစပါးစိုက်ပျိုးနေမှုအား ခရိုင်စိုက်တိုးမြှင့်အဖွဲ့မှ သွားရောက်ကြည့်ရှုဆွေးနွေး ခဲ့ပါသည်။

23 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးနေလင်းနှင့် ဝန်ထမ်းများသည် (၃.၇.၂၀၂၅) ရက်နေ့ ၊နံနက်(၁၁:၀၀)အချိန်တွင် ယာဉ်အမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းများရောင်းဝယ်ရေးလုပ်ငန်း တိုက်(၂၃)၊ ဗဟိုလမ်း၊ ဗျိုင်းရာမရပ်ကွက်၊ တာမွေမြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

23 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးစံကြည်သည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသာက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၄.၇.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် မြောင်းမြမြို့ပေါ်ရှိ အလှကုန်ရောင်းချသည့် စတိုးဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

23 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးနှင့်ဝန်ထမ်းများသည် ခရိုင်စိုက် တိုးမြင့် အဖွဲ့နှင့်ပူးပေါင်း၍ (၈.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၁း၀၀)အချိန်တွင် မြကန်သာရပ်ကွက် တုန်းလှဲချောင်း ကျေးရွာရှိ ဦးဆန်းလင်းဦး၏ အသားထိုးကြက်မွေးမြူရေးခြံသို့ သွားရောက်၍ ကြည့်ရှု့လေ့လာခဲ့ပါသည်။

23 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဒေါ်အေးအေး မော် နှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/မရှိကို (၄.၇.၂၀၂၅) ရက်နေ့ ၊ နံနက်(၁၀:၀၀)အချိန်တွင် (ရွှေဆန််းထက်) စားသောက်ကုန်ပစ္စည်းများ Online Sale လုပ်ငန်း အိမ်အမှတ်(၁၄)၊ရာဇဓိရာဇ်လမ်း၊ အမှတ်(၂) ရပ်ကွက်၊ဗိုလ်တထောင်မြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပ
