မော်လမြိုင်တက္ကသိုလ်တွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချခြင်း

Powered by Drupal

    ၃.၁၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မော်လမြိုင်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် အဆောင်နေ ကျောင်းသား၊ ကျောင်းသူများကို သက်သာသောဈေးနှုန်းဖြင့် အခြေခံစားကုန်များ ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

     အခြေခံစားကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချရာတွင် ကျားပျံ (၆) ပြည်အိတ် တစ်အိတ်လျှင် (၃၅၀၀၀) ကျပ်၊ ဆီတစ်ပိဿာလျှင် (၆၉၄၆) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၅၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၂၃၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၀) ကျပ်၊ အသား၊ ငါး၊ ငါးခြောက်များ၊ ဟင်းသီးဟင်းရွက်များကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)