သတင်းနှင့် လှုပ်ရှားမှုများ
Powered by Drupal
22 Jul 2025
၄.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် ကျိုက်မရောမြို့နယ်ရှိ လူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းရောင်းချသည့် လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

22 Jul 2025
မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မဲဇလီဒလကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးများကို ကျေးရွာနေပြည်သူများ ဆီထုတ်ယူခွင့် ရရှိရေးနှင့် ဆီရောင်းချမှုများ သတ်မှတ်ချက်နှင့်အညီ ရောင်းချနိုင်ရေးကို မအူပင်ဆီကုန်သည်များအသင်းတို့နှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးတို့မှ သတ်မှတ်ချက်နှင့် စည်းကမ်းများအတိုင်း ရောင်းချနိုင်ရေးနှင့် ဆီထုတ်ယူနိုင်ရေးလုပ်ငန်းများကို စတစ်တကျဖြစ်စေရန် (၆-၇-၂၀၂၅) ရက်နေ့က ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

22 Jul 2025
၄.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ပေါင်မြို့နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချသောစက်သုံးဆီများ သတ်မှတ်အရည်အသွေး ပြည့်မီခြင်း ရှိ/မရှိ၊ အချင်အတွယ်ပြည့်မီခြင်း ရှိ/မရှိ၊ ဆီကန်အတွင်း ဆီလက်ကျန်အမှန်တကယ် ရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)

22 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၈.၇.၂၀၂၅ ရက်နေ့ တွင် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်အတွင်းရှိ မာတာမြင့်မိုလ်(ကုန်စုံဆိုင်)သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ နှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

22 Jul 2025
၅.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၄/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ဒုတိယပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးမင်းထွန်း က ပန်းတိုင်အထွက်နှုန်း ရရှိရေး၊သီးနှံစိုက်စွမ်းအားတိုးတက်ရေး၊မျိုးကောင်းမျိုးသန့်အသုံးပြုရေး၊ကြဲခင်းစနစ်လျော့ချပြီး မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနိုင်ရေးကိုလည်းကောင်း၊ပြည်နယ်မျိုးစေ့တာဝန်ခံ ဒေါ်မူမူတန် ၊ သစ်စိမ်းမြေဩဇာများ တွင်တွင်ကျယ်ကျယ် အသုံးပြုပြီးဓာတ်မြေဩဇာ
