သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Jul 2025
၇.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ဆန်စက် လုပ်ငန်းရှင်များ အသင်း၏ အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားကို ချောင်းဆုံမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အခမ်းအနားတွင် အသင်းတာဝန်ရှိသူတို့က ၂၀၂၃-၂၀၂၅ ထိ ယခင်သက်တမ်းကာလ ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတို့ကို ကဏ္ဍအလိုက် ဆွေးနွေးကြသည်။
22 Jul 2025
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် (၃.၇.၂၀၂၅) ရက်နေ့၊ မြို့နယ်ဦးစီးမှူးရုံး၌ မြို့ပေါ်(၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၇) အုပ်စု၊ ကျေးရွာပေါင်း (၃၉၄) ရွာရှိ စားသုံးဆီလက်လီအရောင်းဆိုင်များမှ လုပ်ငန်းရှင် (၂၀၅) ဦးတို့အား စားသုံးဆီဖြန့်ဝေမှု၊ ရောင်းချမှုများနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ အလေးချိန်မှန်ကန်စွာဖြင့် သတ်မှတ်ရည် ညွှန်းဈေးဖြင့်သာရောင်းချရန် ပြောကြားခဲ့ပြီး လုပ်ငန်းရှင်များမှလည်း သိလိုသည်များ မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည
22 Jul 2025
၇.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည် ပြည်နယ် ရေနံနှင့်ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာရေး အဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာရှိ “ဟင်္သာ (၉)” ဆီဆိုင်ဆောက်လုပ်မည့်မြေနေရာအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
22 Jul 2025
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် (၃.၇.၂၀၂၅) ရက်နေ့၌ ပိန္နဲကုန်းကျေးရွာရှိ ကံကော်ရေသန့်စက်ရုံ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်ဦးစီး ဌာနတို့ နှင့် ပူးပေါင်း၍ ရေသန့်ထုတ်လုပ်သော ကံကော်ရေသန့်စက်ရုံသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ပါသည်။
22 Jul 2025
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာတို့တွင် စားအုန်းဆီ ရောင်းချပေးလျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ စားအုန်းဆီ လက်လီအရောင်းကိုယ်စားလှယ်များရောင်းချနေမှုအား ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

Pages