သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Jul 2025
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၀-၇-၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ချမ်းအေးသာဇံမြို့နယ် အ.လ.က (၇) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးဌာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူသဲနွယ်က အဖွင့် အမှာစကား ပြောကြားပြီး သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲ တာဝန်ခံ ဒေါ်အေးငြိမ်းစံ(ဦးစီးအရာရှိ)က
22 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ (၂)ဦးနှင့် ဝန်ထမ်း(၂) ဦးတို့သည် စမ်းချောင်းမြို့နယ်၊ ရှမ်းလမ်းဈေး အတွင်းရှိ ဒေါ်အိအိဖြူ (ဆီဆိုင်) နှင့် ဦးထွန်းမြင့်နိုင် (ဆီဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့် ပူးပေါင်းပြိး ဆီရောင်းချမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုအား ၈.၇.၂၀၂၅ ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်း အသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
22 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၈.၇.၂၀၂၅ ရက်နေ့တွင် လမ်းမတော်မြို့နယ်အတွင်းရှိ (68)ဆန်ရောင်းဝယ်ရေးနှင့် ကမ္ဘာကျော် ဆန်ဆိုင်တို့အား (၁၀:၃၀) နာရီအချိန်တွင် အဖွဲ့စုံနှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
22 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ဆိပ်ဖြူမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၃.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ပေါ်ရှိ စားသောက်ဆိုင် များသို့သွားရောက်၍ ဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ ကွင်းဆင်းအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
22 Jul 2025
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ဆိပ်ဖြူမြို့ နယ်တာဝန်ခံသည် စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေ ရေးအတွက် (၄.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ အနောက်ပိုင်း ရပ်ကွက်ရှိ "ကြည်သာ"သောက်ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခဲ့ကြောင်း သိ ရသည်။

Pages