သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Jul 2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်သည့်ဒေသဖြစ်သည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်ဝယ်ယူ၍ MV ရတနာခိုင်ထွန်း(၈)ရေယာဉ် ဖြင့် ဆန်အိတ်များသယ်ယူလာခဲ့ပြီး (၈.၇.၂၀၂၅)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
22 Jul 2025
တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့တို့ပူးပေါင်း၍ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဖြင့် မြိတ်မြို့ပေါ်ရှိ ဖုန်းအရောင်းများသို့ သွားရောက်၍ တရားမဝင် Sim Card(ဆင်းကတ်) ရောင်း ဝယ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
22 Jul 2025
ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက် မပြတ် ဆောင်ရွက်လျှက်ရှိရာ ဇူလိုင်လ(၈)ရက်နေ့တွင် မြစ်သားမြို့နယ် ၊ နွားကူးလေးကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပြုလုပ်ခဲ့ပါသည်။ တက်ရောက် လာသည့် ကျေးရွာသူ၊ ကျေးရွာသားများအား စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်များဖြစ်သည့် စားသ
22 Jul 2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေး အရာရှိများသည် ဇူလိုင်လ (၈)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်းပြီး မြစ်သားမြို့နှင့် ကူမဲမြို့ပေါ်ရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ အရန်သင့်အစားအစာ အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါ သည်။ ကုန်စုံဆိုင်ရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း ၁၈ ပ
22 Jul 2025
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ စိန်နဂါး၊ နီလာနှင့် မြ ပဲကြော်နှင့် ပဲလှော်လုပ်ငန်းများအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိ စေရေး၊(Pre Market) ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို စဉ့်ကိုင်မြို့နယ်၊ စည်ပင်သာယာရေး အဖွဲ့၊မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စ

Pages