သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ (၁၈.၃.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၃၀) နာရီအချိန်တွင် မူလတန်းကြိုကျောင်း၌ ကလေးငယ်များအား လူမှုဆက်ဆံရေးကောင်းမွန်ပြီး ကျန်းမာပျော်ရွှင်သော ကလေးငယ်များဖြစ်လာစေရေးရည်ရွယ်၍ အသိပညာပေးခြင်းကို ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ခရိုင်အစားအ သောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြို့နယ်ကျန်းမာရေးဦးစီးဌာန၊မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ပုဂ္ဂလိကဆေးရုံများသက်မှတ်ချက် နှင့်ကိုက်ညီမှုရှိ/မရှိမြေပြင် ကွင်းဆင်းစစ်ဆေးခြင်း ကိုမတ်လ(၁၇)ရက်နံနက်(၀၉

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ အစဉ်တစိုက်ဆောင်ရွက် လျက်ရှိရာ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြင်းခြံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများဖြင့်ပူးပေါင်း၍ ၁၈-၃-၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြင်းခြံမြို့၊ စည်ပင်သာယာဈေးကြီးအတွင်းရှိ အသင့်စားမုန့်မျိူးစုံရောင်းချသော ကုန်စုံဆိုင်များသို့ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း

မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး)သည် (၁၇.၃.၂၀၂၅) ရက်နေ့၊ နေ့လည် (၁၆:၀၀) နာရီအချိန်၌ မြင်းခြံခရိုင်ဦးစီးမှူးရုံးတွင် မြင်းခြံမြို့ရှိ စားသုံးဆီလက်လီလက္ကားအရောင်းဆိုင်ရှင်များနှင့်တွေ့ဆုံ၍ ဘေးအန္တရာယ်ရှိနိုင်သောရောနှောဆီများရောင်းချမှုမရှိစေရေး၊ စားသုံးဆီများကိုသတ်မှတ်ရည်ညွှန်း ဈေးဖြင့် ရောင်းချစေရေးနှင့်စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများအား ဟောပြော ဆွေးနွေးခဲ့ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ် စည်ပင်သာယာဈေးဖြစ်သော မြို့မဈေး အတွင်းရှိ အရောင်းဆိုင်များသို့ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၁၈.၃.၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ကွင်းဆင်းခဲ့သည်။
