သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Jul 2025
၇.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ဆန်စက် လုပ်ငန်းရှင်များ အသင်း၏ အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားကို ကျိုက်ထိုမြို့ရှိ ကျိုက်ထိုမြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ၏ နေအိမ်၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။ အခမ်းအနားတွင် အသင်းတာဝန်ရှိသူတို့က ၂၀၂၃-၂၀၂၅ ထိ ယခင်သက်တမ်းကာလ ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတို့ကို ကဏ္ဍအလိုက် ဆွေးနွေးကြသည်။
22 Jul 2025
၇.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ် တာဝန်ခံ ဦးအောင်ညီညီခန့်သည် ငန်းတေးအိမ်ရာမှူးနှင့် ပူးပေါင်း၍ ငန်းတေးကျေးရွာရှိ စပါးစိုက်ပျိုးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
22 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်းတို့သည် ကျိုက်လတ်မြို့နယ် ၊ အမှတ်(၃) ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာနရုံးတွင် နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားအုန်းဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို‌ ဆောင်ရွက်ခဲ့ပါသည်။
22 Jul 2025
၇.၇.၂၀၂၅ ရက်နေ့တွင်မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မော်လမြိုင် မြို့နယ်၊ မောင်ငံရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီ အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှု ရှိ/မရှိ အား ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
22 Jul 2025
၄.၇.၂၀၂၅ ရက်နေ့၊နေ့လယ် (၁၄:၀၀) အချိန်တွင် ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ချောင်းဆုံမြို့နယ်၊ ကမနင်းကျေးရွာရှိ “Diamond Star” ဆန်စက်လုပ်ငန်းရှင် နှင့်တွေ့ဆုံခဲ့ပါသည်။

Pages