သတင်းနှင့် လှုပ်ရှားမှုများ
Powered by Drupal
22 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် သက်ဆိုင်ရာ ဌာန ဆိုင်ရာများနှင့်ပူးပေါင်း၍ စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တ ရာယ်ကင်းရှင်းစေရေးအတွက် (၇.၇.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြန်အောင်မြို့ ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင်များနှင့် အစားအသောက်ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများအား ဈေး ကွက်စောင့်ကြည့် စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

22 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည်(၇.၇.၂၀၂၅)ရက်နေ့၊ နံနက် (၁၁:၀၀) အချိန်တွင် မြန်အောင်မြို့၊ လက်ပံတာကြီးတန်းလမ်း၊ အမှတ်(၅)ရပ်ကွက်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြည်သူ(၅၀)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

22 Jul 2025
(၈.၇.၂၀၂၅)ရက်နေ့ နေ့လယ် (၁၂:၁၀) နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင် ဉီးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် မှော်ဘီမြို့နယ်၊ မြို့မဈေးနှင့်ရပ်ကွက်အတွင်းရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များ၌ အိမ်သုံးလျှပ်စစ်ပစ္စည်း အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။

22 Jul 2025
(၈.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၀၁:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဉီးသူအောင်ဉီးဆောင်၍ စားသုံးသူရေးရာဉီးစီးဌာန၊ စိုက်ပျိုးရေးဉီးစီးဌာန၊ မီးသတ်ဉီးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ပါဝင်သော အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

22 Jul 2025
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကံလှကျေးရွာရှိ Good Brothers Company အစည်း အဝေးခန်းမ၌ (၈.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ၂၀၂၄-၂၀၂၅ခုနှစ်၊ GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော နှမ်းသီးနှံအား Export တိုက်ရိုက်ရောင်းချတင်ပို့ခြင်း အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာန၊ မကွေးကုန်စည်ဒိုင်မှ ဥက္ကဋ္ဌ၊ မကွေးတိုင်း တိုင်းတောင်သူအကျိုးဆောင်များ၊ Good Brothers ကုမ္ပဏီမှတာဝန်ရှိသူများနှင့် တောင
