(၈/၂၀၂၅)ကြိမ်မြောက် Thursday Talk ဟောပြောပွဲကျင်းပ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ (၂၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် (၈/၂၀၂၅)ကြိမ်မြောက် Thursday Talk ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

   အဆိုပါ ဟောပြောပွဲတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးရဲမျိုးလွင်က အဖွင့်အမှာ စကားပြောကြားပြီး ဆက်လက်၍ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ တာဝန်ခံ ဦးဇော်နေလင်း(ဦးစီးအရာရှိ)က Website တွင် သတင်း/ဆောင်းပါးလွှင့်တင်သည့် အခြေအနေများ၊ ရည်ရွယ်ချက်များ၊ အသိပညာပေးဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ကုန်စျေးနှုန်း/ ကုန်သွယ်မှု နှင့် ပတ်သက်သည့် သတင်းများ ရေးသားဖော်ပြရာတွင် လိုက်နာရမည့်အချက်များ၊ သတိပြုရှောင်ကျဉ် သင့်သည့်အချက်များအား လည်းကောင်း၊ စီမံရေးရာဌာနခွဲတာဝန်ခံ ဦးရဲမင်းသိန်း (ဦးစီးအရာရှိ)က နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အပါး (၃၀)အားလည်းကောင်း  အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(မကွေး)