
စပါး၊သိုလှောင်ရုံ၊ သိုရုံလုပ်ငန်းရှင်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ဆန်စပါး အွန်လိုင်း (Myanmar Rice Online My Ro) တွင် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့မှ စ၍ ဆန်တန်ချိန် ၂၅ နှင့် အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်မှုများအား မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ သက်တမ်း၁နှစ်ပြည့်မြောက်ပြီးသော လုပ်ငန်းရှင်များမှ သက်တမ်းတိုးခင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက် ရန် အသိပေးပြောကြားဆောင်ရွက်ပြီး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ သည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း နှင့် ဝန်ထမ်းများသည် ၈-၁၂-၂၀၂၅ ရက်နေ့ နေ့လည် (၁)နာရီအချိန်တွင် ပန်းတနော်ဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့် ဆန်စက်လုပ်ငန်းရှင်များ သိုလှောင်ရုံပိုင်ရှင်များကို ပန်းတနော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် တွေ့ဆုံ၍ MyROတွင်မှန်ကန်စွာ စာရင်းသွင်းရန် အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရသည်။
ဆွေးနွေးရာတွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက မိမိတို့ဌာန အနေဖြင့် ဒေသတွင်း စပါး/ဆန် တောင်သူ၊ ကုန်သည်၊ စက်ပိုင် လုပ်ငန်းရှင်တို့မှ မြေပြင် အမှန်တကယ်သိုလှောင်ထားရှိမှု အခြေအနေများကို စာရင်းကောက်ယူထိန်း ကြောင်း ဆောင်ရွက် နေပြီး နိုင်ငံတော်မှ စပါး/ဆန်နှင့် စပ်လျဉ်၍ စီမံခန့်ခွဲဆောင်ရွက်သည့်အခါ နယ်မြေစာရင်း အချက်အလက် မှန်ကန်စွာ တင်ပြနိုင်ရန်လိုအပ်ကြောင်း၊ ပန်းတနော်မြို့နယ်ရှိ လုပ်ငန်းရှင်များမှ ရ၊ ထုတ်၊ကျန် စာရင်းမျာ’ကို လစဉ် လဆန်း(၇) ရက်နေ့တွင် မှန်ကန်စွာ ဖြည့်သွင်းဆောင်ရွက်ရန် မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လက်ကျန်စာရင်းများကို ဖြည့်သွင်းရန် အခက်အခဲရှိပါက လက်ကျန်ဖြည့်သွင်းဆောင်ရွက်နည်း လမ်းများကို သင်တန်းပေး ပြသဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်ကိုယ်တိုင်ဆောင်ရွက်တက်စေရန် စားသုံးသူ ရေးရာဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လစဉ် ဖြည့်သွင်းမှု စာရင်းများကို မအူပင် ခရိုင်ဦးစီးမှူးရုံးသို့ ပေးပို့ဆောင်ရွက်ပေးနိုင်ရန် မှာကြား ဆွေးနွေးခဲ့ပြီး မအူပင်ဆန်စက်လုပ်ငန်း ရှင် (၃၅) ဦးတက်ရောက်ခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းပြီး တာဝန်ရှိသူက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
