ပင်လုံမြို့ပေါ်ရှိဆန်အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး(ဦးသန်းတိုး)နှင့် ဝန်ထမ်း များသည် (၁8.၈.၂၀၂၆) ရက်နေ့ နံနက်(၁၀:၀0)နာရီ အချိန်တွင် ပင်လုံမြို့ပေါ်ရှိ ဦးစိုင်းအေးဆန်အရောင်းဆိုင်နှင့် ဒေါ်ယဉ်မေ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်အရောင်းဆိုင်များအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှထုတ်ပြန်ထားသော ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၊ စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလ (စပါးသစ်ပေါ်ချိန်) အထိ ရောင်းချရမည့် ဆန်အမျိုးအစားအလိုက် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/မရှိ၊ ဆန်အမျိုးအစား အလိုက်ရောင်းချနေသည့် ဈေးနှုန်းများ ကိုက်ညီမှုရှိ/မရှိ၊ အရည်အသွေးနှင့် အချိန်အတွယ်များ ပြည့်ဝမှန်ကန်မှု ရှိ/မရှိ အခြေအနေများအား စစ်ဆေးခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ပြည်တွင်း ကုန်သွယ်မှု ဖွံဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကုန်စည် စီးဝင်/စီးထွက်မှု အခြေအနေများကို စာရင်းကောက်ယူခြင်း၊ ဈေးကွက်အတွင်း နေ့စဉ်ကုန်ဈေးနှုန်း ဖြစ်ပေါ်မှု အခြေအနေများကို သုံးသပ်တင် ပြခြင်းများအား သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)