သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၇.၃.၂၀၂၅)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဈေးသူ ဈေးသားများအား Plastic Campaign ပြုလုပ်ခြင်းနှင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ခံသည် (၁၀.၃.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပန်းတနော်မြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်(၃၀)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟော ပြောခြင်း ဆောင်ရွက်ခဲ့ပါသည်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနနှင့်ပူးပေါင်း၍(၁၇.၂.၂၀၂၅) ရက်နေ့ နံနက်(၉:၀၀) နာရီအချိန်တွင် ပြန်ဆက်ဦးစီးဌာန C0mmunity Center တွင် ဦးစီးမှူးဒေါ်ခင်ခင်ထိုက်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း အသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် သာယာဝတီမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် (၁၇.၃.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင်မြို့မဈေးအတွင်းရှိကုန်စုံဆိုင်များအား ကုန်အညွှန်း အမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ ပြည်တွင်း ကုန်သွယ်ရေးဖွံဖြိုးမှုနှင့်သုတေသနဌာနခွဲ ဦးဝင်းထွဋ်လွင်နှင့်ဝန်ထမ်းများမှ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များ သိရှိစေရန်၊ စားသုံးသူများဘေ

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင် အတွင်းရှိ လုပ်ငန်းရှင်များအား Online Sales ဈေးရောင်းချခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေး ခြင်းများဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံရုံး၌ (၂၁.၂.၂၀၂၅)နေ့တွင် ပေါက်ခေါင်းမြို့ရှိ ဆန်စက်လုပ်ငန်းရှင်များအားလည်းကောင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံး၌ (၂၄.၂.၂၀၂၅)နေ့တွင် ဝက်ထီးကန်မြို့ရှိ ဆီလုပ်ငန်းရှင် များအားလည်းကောင်း၊ ရွှေတောင်မြို့နယ်တ
